လ - အောက်တိုဘာ 2019

ကျေးဇူးတော်မျိုးစေ့

အိန္ဒိယနိုင်ငံမှ လူတစ်ဦးသည် ခြောက်သွေ့သည့် သဲမြေမြေလွတ်မြေရိုင်းကို ပြန်လည် အသက်သွင်းရန် နှစ်ပေါင်း ၄၀ နီးပါးမျှ ကြိုးစားလျက် လုပ်ဆောင်ခဲ့သည်။ ရာသီဥတု တိုက်စားမှုနှင့် ပြောင်းလဲသော ဂေဟစနစ်များကြောင့် သူမြတ်နိုးသည့် မြစ်ချောင်း များနှင့် ကျွန်းမှာ တိမ်ကောပျက်စီးခဲ့ရသည့်ကို သူတွေ့မြင်ခံစားခဲ့ရသည်။ သို့ဖြင့် သူသည် သစ်တစ်ပင်၊ ဝါးတစ်ပင်၊ မှို့တစ်ပင် မှစ၍ ဖြည်းဖြည်းပုံမှန် စတင်စိုက်ပျိုးခဲ့သည်။ ယခုတွင် သစ်တောများနှင့် ၎င်းတို့ကို မှီတင်းနေထိုင်သည့် တိရိစ္ဆာန်မျိုးစုံတို့သည် ဧက ၁၃၀၀ မျှသော မြေပြင်ကို ဖုံးလွှမ်းပြည့်စေခဲ့လေပြီ။ သဘာဝလောကကြီး၏ဖန်တီးဖြစ်တည်မှုက အံ့သြဖွယ်ဟု သူအသိအမှတ်ပြုလျက် ထိုသို့ သစ်တောသစ်ပင်နှင့် သက်ရှိသတ္တ၀ါများ ပြန်လည်ရှင်သန်လာခြင်းသည် သူ၏ ဆောင်ရွက်မှုကြောင့် မဟုတ်ဟု ထိုသူက ဆိုသည်။ သစ်စေ့ အချို့မှာ လေအားဖြင့် မျိုးပွားသည်။ ငှက်များနှင့် တိရိစ္ဆာန်များ အားဖြင့်လည်း အပင်များ မျိုးပွားသည်။…

အတူစုစည်း ယှက်နွယ်ကျစ်ထားသည်

ကျွန်မ၏မိတ်ဆွေတစ်ဦးသည် သူအနှစ် ၄၀ ကျော်မျှ ပိုင်ဆိုင်ခဲ့သည့် အိမ်တွင်းအလှစိုက် အပင်ကို ကျွန်မအား ပေးခဲ့သည်။ ထိုအပင်က ကျွန်မအရပ်နီးပါးရှိပြီး အကိုင်း ၃ ကိုင်း တွင် အရွက်ဖားဖားများနှင့် ဝေဝေဆာဆာ ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ အရွက်များကြောင့် အကိုင်းများမှာ ကြမ်းပြင်သို့ ညွှတ်ကျကုန်သဖြင့် ပြန်လည်ထောင်မတ် လာအောင် အပင်အောက်၌ သပ်တစ်ချောင်း စိုက်ကာ ပန်းအိုးကို ပြတင်းပေါက်အနီးသို့ ရွေ့ထားလိုက်သည်။ နေအလင်းရောင်၏ဆွဲဆောင်မှုဖြင့် အရွက်များမှာ ပြန်လည် ခေါင်းထောင်လာပြီး ပုံပျက်နေသည့်အပင်လေးကို ပြန်လည် လှပစေတော့သည်။

ထိုအပင်ကို ရရှိပြီး မကြာမီမှာပင် ရုံးခန်းတစ်ခု၌ ထိုကဲ့သို့သော အပင်ကို ကျွန်မထပ်တွေ့ခဲ့သည်။ ၎င်း၌လည်း ပိန်လှီသည့် အကိုင်း ၃ ကိုင်းရှိပြီး ထိုအကိုင်းများကို စုစည်းလိမ်ကျစ်ထားလိုက်သဖြင့် တောင့်တင်းခိုင်မာသည့်ပုံ ပေါ်လွင်နေပါသည်။ ဤအပင်လေးက မည်သည့် အထောက်အပံ့မှ မလိုဘဲ ဖြောင့်တန်းစွာ ရှင်သန်နေသည်။…

တစ်ချက်လေးထိရုံ

တစ်ချက်လေး လာထိရုံလေးပါ။ သို့သော် ကောလင်းအတွက် အရာခပ်သိမ်း ပြောင်းလဲ သွားသည်။ သခင်ယေရှုကို ယုံကြည်သူများအပေါ်ဆန့်ကျင်မှု ပြင်းထန်သည့်ဒေသ၌ လူမှုရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် သူတို့အဖွဲ့လေး ပြင်ဆင်နေကြစဉ် ကောလင်း ခံစားရသည့်ဖိအားက မြင့်တက်လာသည်။ သို့နှင့် သူ့အဖွဲ့သားတစ်ဦးအား သူ၏ပူပန်စိတ်ကို ပြောပြရာ ထိုမိတ်ဆွေက သူ့ပခုံးပေါ် လက်တင်လျက် အားပေးစကားအနည်းငယ်ပြောသည်။ ကောလင်းသည် ပြန်ပြောင်းတွေးရင်း ထိုတို့ထိမှု ခဏတာလေးသည် ပြောင်းလဲခြင်းအမှတ်၊ ဘုရားသခင်သည် သူနှင့်အတူ ရှိတော်မူကြောင်း ရိုးရှင်းသည့် သမ္မာတရားကို ထိထိရောက်ရောက် သူ့ကို သတိပေးခဲ့တော့သည်။

သခင်ယေရှု၏ တပည့်တော်လည်းဖြစ်၊ အကျွမ်းဝင်သော မိတ်ဆွေလည်းဖြစ်သည့် ယောဟန်သည် ဧဝဂံဂေလိတရား ဟောပြောခြင်းကြောင့် ပတ်မုကျွန်းသို့ နယ်နှင်ဒဏ်ပေးခံရချိန်တွင် ‘‘တံပိုးခရာအသံကဲ့သို့’’ မြည်ဟီးသံကို ကြားပြီး (ဗျာ ၁း၁၀)၊ တစ်ဆက်တည်းမှာပင် သခင်ဘုရား၏အသံတော်ကို သူကြားလိုက်ရစဉ် ‘‘သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။’’ ထိုသို့ ခြောက်ခြားကြောက်ရွံ့နေချိန်၌…

အဲဒါ ငါပဲ

‘‘This is Me’’ ဟူသည့် သီချင်းသည် ပီ.တီ ဘားနမ်နှင့် သူ၏ခရီးသွား ဆပ်ကပ်အဖွဲ့ အကြောင်း မသိမသာ အခြေခံထားသည့် The Greatest Showman နှစ်သက်ဖွယ် ဂီတပဒေသာရုပ်ရှင်၏မမေ့နိုင်သော ရုပ်ရှင်ဇာတ်ဝင်တေးသီချင်းဖြစ်သည်။ ရုပ်ရှင်တွင် အဖွဲ့၏စည်းကမ်းအတိုင်း လိုက်နာပြုကျင့်ရန် ပျက်ကွက်သူများကို ဆိုးရွားစွာ ပြောဆို ကဲ့ရဲ့မှုကြောင့် ခံစားရသူသရုပ်ဆောင်များက ထိုသီချင်းကို သီဆိုကြပြီး သီချင်းစာသားတွင် စကားလုံးများကို သေကြေ ပျက်စီးစေသည့် ကျည်ဆံ၊ ဒဏ်ရာအမာရွတ် ထင်ကျန်စေ သည့်ဓားဟု ဖော်ပြထားသည်။

ထိုသီချင်း၏ ကျော်ဇောမှုက ဓားသွားပမာ စကားလုံး များကြောင့် မမြင်ရသော်လည်း အမှန်တကယ် ခံစားဒဏ်ရာ ရနေသူ မည်မျှများပြားစွာ ရှိနေသည်ကို ပြနေသည်။

ပျက်စီးခြင်း၊ ကြာမြင့်စွာ တအုံနွေးနွေး ခံစားရခြင်း တို့ကို ဖြစ်စေသည့် စကားလုံးများ၏အန္တရာယ်ကို ရှင်ယာကုပ် ကောင်းစွာ နားလည်သည်။ ထို့ကြောင့်…

ခြေထောက်အတွက် သတင်းကောင်း

“ခြေထောက်သမိုင်းတွင် သက်တောင့်သက်သာအရှိဆုံး ခြေစွပ်” ဟူသည့် ကြော်ငြာကြောင့် ကျွန်ုပ်ပြုံးမိသည်။ ဆက်လက်၍လည်း ခြေထောက်အတွက် သတင်းကောင်းဖြစ်ပြီး အိမ်ယာမဲ့များနှင့် ခိုလှုံရာဂေဟာများအတွက် အလိုအပ်ဆုံးသော အရာ၊ အများဆုံး တောင်းဆိုသည့်ပစ္စည်း၊ ခြေစွပ်တစ်စုံဝယ်လျှင် ကုမ္ပဏီမှ လိုအပ်သူ အတွက် ခြေစွပ်တစ်စုံကို ပေးလှူမည် စသည်ဖြင့် ကြော်ငြာ ခဲ့သည်။

၃၈ နှစ်တာမျှ လမ်းမလျှောက်နိုင်သူကို သခင်ယေရှု ကုသပျောက်ကင်းစေသောအခါ (ယော ၅း၂-၈) ဖြစ်ပေါ်လာမည့်အပြုံးကို စိတ်ကူးမြင်ယောင်ကြည့်ပါ။ တစ်ဖန် ကူညီရာမဲ့သည့် ခြေထောက် (သို့) နှလုံးသားများကို သခင်ယေရှု ဂရုပြုခြင်းကို မနှစ်မြို့သည့် ဗိမာန်တော် အကြီးအကဲများ၏ မျက်နှာနှင့် အကြည့်များကို တွေးကြည့် ပါ။ ဥပုသ်နေ့တွင် အလုပ်မလုပ်ရန် တားမြစ်သည့် ဘာသာရေးဥပဒေသကို ထိုခြေဆွံ့သူနှင့် သခင်ယေရှုတို့ ချိုးဖောက်သည်ဟု စွပ်စွဲသည် (း၉-၁၀၊း၁၆-၁၇)။ သခင်က သနားခြင်း ကရုဏာလိုအပ်သည်ဟု…